Monday, May 20, 2013

Layer Mask Blending

Layer mask blending (ဒါမှမဟုတ်) Layer mask fusion ဆိုတာ Photoshop နဲ့ Design ဖန်တီးသူတွေ မသိမဖြစ်တဲ့အရာတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဒီနည်းကို Web site banner ဆွဲတဲ့နေရာတွေမှာ အသုံးပြုကြတာများပါတယ်။ File တစ်ခုတည်းမှာ လိုအပ်တဲ့ message ကိုပေးနိုင်တဲ့အထိ ပုံပေါင်းများစွာကို ညင်သာစွာ ကူးပြောင်း blend လုပ်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
၁) ထို့အတွက် လိုအပ်သော ပုံကိုဖွင့်ပါတယ်။ အခုနမူနာပုံမှာ Blend လုပ်မယ့် Image လေးခုပါပြီး တစ်ခုနဲ့တစ်ခု Overlap ဖြစ်နေပါတယ်။
၂) အောက်ဆုံး Layer ရဲ့အပေါ်မှာရှိတဲ့ Layer 2 ကို Layer Mask တစ်ခု ပေါင်းပါမယ်။
၃) ပြီးရင် Linear Gradient Fill ဖြင့် ထို Layer 2 ရှိ ပုံ၏အစပိုင်းနေရာလောက်မှစ၍ ဘယ်ဘက်မှ ညာဘက်သို့ဆွဲပါ။ (Gradient အရောင်ကတော့ အဖြူနဲ့ အနက်ပဲဖြစ်ပါတယ်၊ Layer Mask များအကြောင်း သင်ခန်းစာမှာအသေးစိတ် ဖော်ပြထားပါတယ်)
ဒါဆိုရင် Layer 1 နဲ့ 2 ကြားမှာ သိမ်သိမ်မွေ့မွေ့လေး ကူးသွားတာကို ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
Layer တွေရဲ့ overlap ဖြစ်တဲ့အနေအထားကို လိုက်ပြီး အနည်းငယ် ချိန်ဆရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရဖို့က Gradient Fill လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Layer ရဲ့ Layer Mask ကို Select လုပ်ထားဖို့ပဲဖြစ်ပါတယ်။
ဒီအတိုင်း ကျန်တဲ့ Layer 3 နဲ့ 4 ကို Layer Mask နဲ့ blend လုပ်သွားမယ်ဆိုရင်တော့ အောက်က ပုံအတိုင်း တွေ့ရမှာပါ။
Layer Mask အသုံးပြုသွားတာကိုတော့ Layer palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်။
အောက်မှာနမူနာပြထားတဲ့ ပုံနဲ့ website banner တစ်ခုက ဒီ Layer Mask Blending နည်းကို အသုံးပြုထားတာပါ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ Gradient Fill ကို Linear အပြင် တခြား Radial, Angle Gradient စတာတွေနဲ့လည်း ပေါင်းစပ်ဖန်တီးလို့ရပါတယ်။
ref : mmphotoshop.net

The art of Pattern (PART 3)

Photoshop မှာ Default ထည့်ပေးထားတဲ့ Pattern တွေကတော့ Continuous ဖြစ်အောင် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ Continuous pattern ဆိုတာကတော့ Indefinitely Fill လုပ်နိုင်ပြီး တစ်ခုနဲ့တစ်ခုကြားထဲမှာ ဆက်ရာရှာမရတဲ့ Pattern တွေကို ဆိုလိုတာပါ။
ဒီတစ်ခေါက် Tutorial ကတော့ အဲလို Continuous pattern များကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလိုဖန်တီးထားတဲ့ Pattern တွေကို Jpeg အနေနဲ့ Save လုပ်ပြီး အခြားသော AutoCAD, 3D Studio Max အစရှိတဲ့ Software တွေမှာ Plug-in အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
၁) ပထမဦးဆုံး New File (110 pix - 80 pix) တစ်ခု ဖွင့်ပါ။ ပုံမှန်အားဖြင့် Square pattern များကို ဖန်တီးကြပါသည်။ ဒီ Tutorial မှာတော့ ပိုရှင်းသွားအောင် Rectangular Pattern လုပ်ပြခြင်းဖြစ်ပါသည်။
ပြီးရင် (Filter > Render > Fiber) ဖြင့် အလွယ်ဆုံး Pattern တစ်ခုကို Fill လုပ်လိုက်ပါ။ Pattern နဲ့ ပိုတူသွားအောင် အဲဒီအပေါ်မှာ ခပ်ရှုပ်ရှုပ် Line တွေကို Brush Tool ဖြင့် ဆွဲလိုက်ပါတယ်။
အဲဒီ ပုံကို Continuous Pattern အဖြစ် ပြောင်းပါမယ်။

၂) Filter > Other > Offset သို့ဝင်ပါ။ Offset တန်ဖိုးများအဖြစ် Horizontal = 55 pix နဲ့ Vertical = 40 pix အသီသီးထားပါမယ်။ မူလပုံတစ်ခုလုံး Pixel တန်ဖိုးများရဲ့ တစ်ဝက်ဆီဖြစ်ပါတယ်။ ဒါဆိုရင် အောက်ကအတိုင်းတွေ့ရမှာပါ။
၃) Clone Stamp Tool ကို အသုံးပြုပြီး အလယ်မှ ဆက်ရာကဲ့သို့ဖြစ်နေသော နေရာများကို ဖာထေးပါ။ Brush ကတော့ Soft rounded brush ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပုံရဲ့အနားစွန်းများကို မထိမိစေရန်ဂရုစိုက်ပါ။
ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။
၎) ဒီပုံကို (Edit > Define Pattern) ဖြင့် Save လုပ်ပြီး Paint Bucket Tool, Pattern ဖြင့် Fill လုပ်ပြီး အသုံးပြုနိုင်ပါပြီ။
အခုနမူနာလုပ်ပြထားတဲ့ Pattern က နားလည်လွယ်အောင် အဖြူအမည်းနဲ့ လုပ်ပြထားခြင်းဖြစ်ပါတယ်။ ပြီးတော့ အဆင့် (၃) Clone Stamp လုပ်တဲ့နေရာမှာ ပုံရဲ့ အနားစွန်းတွေကို ထိခိုက်မိတဲ့အတွက် Continuous pattern စစ်စစ်မဖြစ်သေးပါဘူး။ Fill လုပ်တဲ့ ကြားထဲမှာ ဆက်ရာတွေ ပေါ်နေသေးတာကို တွေ့နိုင်ပါတယ်။ အဲသလိုဆိုရင် အဆင့် (၂) ဖြစ်တဲ့ Offset Filter ကို တစ်ခေါက်ပြန်ဝင်ပြီး Clone Stamp ကို ပြန်လုပ်ရပါလိမ့်မယ်။ အကယ်၍ Clone အလုပ်များသွားပြန်ရင်လည်း ပုံက ၀ါးသွားတတ်ပါတယ်။ ဒါကိုတော့ လိုအပ်သလို ချိန်ဆရမှာဖြစ်ပါတယ်နော်…။

တကယ်တမ်းပြောရရင် ဒီနည်းကို အသုံးပြုခြင်းဖြင့် မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ထားတဲ့ (ဒါမှမဟုတ်) Photo Blog တွေမှာ အလွယ်တကူရနိုင်တဲ့ Sand, Granite, Gravel, Fiber အစရှိသော Pattern များကို Continuous pattern များအဖြစ် အလွယ်တကူပြုလုပ်နိုင်ပါတယ်။
အခြားသော Brick, Tile, Grill အစရှိတာတွေကို Continuous ပြုလုပ်တာကတော့ ဒီ Tutorial အတိုင်းဖြစ်ပေမယ့် အနည်းငယ်ပို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ နောင် Tutorial တွေမှာ အလျဉ်းသင့်ရင် ပြောပြပေးသွားပါမယ်။

ref : mmphotoshop.net

The art of Pattern (PART 2)

ကိုယ်ပိုင် Pattern File တစ်ခုကိုပြုလုပ်မယ်ဆိုရင် ဦးစွာသတိပြုရမှာက အသုံးပြုမယ့် Document အရွယ်အစားပါ၊ အဲဒီ Document ထဲမှာ မိမိပြုလုပ်မယ့် Pattern ကိုဘယ်လိုအရွယ်အစား မျိုးနဲ့ပေါ်ချင်သလဲဆိုတာ တွက်ချက်ရပါမယ်။ ဥပမာ Document က ၆ လက်မပတ်လည် ကို Resolution က ၁၀၀ နဲ့ဆိုပါစို့၊ (Pixel Dimension = ၆၀၀ by ၆၀၀) အဲဒီ Document တစ်ခုလုံးကို ကျားကွက်ပုံ တွေကိုနေရာအနံ့ Fill ချင်တယ်ဆိုပါတော့။ အကွက်ပေါင်းကို အလျား ရော အနံပါ ၁၂ ကွက်လိုချင်ရင် 600 / 12 = 50 Pixel ရမှာပါ။
New Document တစ်ခုကို ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ ယူပါ။ ဒါဆိုရင် Pixel Dimension အရဆိုရင် 100 by 100 pixel ရှိပါတယ်။ ကျားကွက်ကိုအဖြူနဲ့အနက်ရောင်ကွက်တွေ ပြုလုပ်ပါမယ်၊ အကွက်တစ်ကွက်ကို 50 pixel ယူလိုက်ရအောင်။ Ruler Bar ကိုခေါ်ထားပါဦး (Ctrl + R)။ ပြီးရင် View>New Guide menu ကိုရွေးပါ၊ New Guide option မှာ Orientation ကို Vertical ထားပြီး Position ကို 0.5 in ထားပြီး OK နှိပ်ပါ။
တစ်ခါ Orientation ကို Horizontal နဲ့ Position ကို 0.5 in နဲ့ပဲနောက်ထပ် Guide တစ်ခုပြုလုပ်ပါဦး။ အခုဆိုရင် Document မှာ Guide လိုင်းနှစ်ခုရှိနေပါပြီ။ အဲဒီ Guide နှစ်ခုကို အသုံးပြုပြီး Rectangular Marquee tool နဲ့ လေးထောင့် Selection နှစ်ခုကိုပုံပါအတိုင်း ဖန်တီးပြီး အနက်ရောင် Fill လုပ်လိုက်ပါ။ ပုံကိုကြည့်ပါ။ အဖြူနှစ်ကွက် အနက်ရောင်နှစ်ကွက် ရှိနေပါတယ်။ တစ်ကွက်စီဆိုရင် ၅၀ Pixel ရှိပါတယ်၊ သတိပြုပါ။
အဲဒီနောက် Deselect လုပ်ပါ။ ပြီးမှ Document တစ်ခုလုံးကို Select (Ctrl + A) လုပ်ပါ၊ Edit>Define Pattern menu ကိုရွေးပါ။ Define Dialog box မှာ Preview လေးတစ်ခုပါမြင်နေရမှာပါ။ Name နေရာမှာ chess လို့ရိုက်လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ ပုံကိုကြည့်ပါ။
အခုဆိုရင် chess ဆိုတဲ့ Pattern တစ်ခုကို သင်ဖန်တီးပြီးသွားပါပြီ။ အသုံးပြုကြည့်ရအောင်၊ New Document ကိုအထက်မှာပြောခဲ့တဲ့အတိုင်း ၆ လက်မပတ်လည်ကို Resolution 100 နဲ့ Create လုပ်ပါ။ ပြီးရင် Edit>Fill မှာ Pattern type ကိုရွေးပါ၊ Pattern Picker ရဲ့ နောက်ဆုံးမှာ သင် Create လုပ်ထားတဲ့ Pattern လေးကိုမြင်ရမှာပါ။
အဲဒီ Pattern ပေါ်ကို Mouse တင်လိုက်တာနဲ့ chess ဆိုတဲ့ Pattern name နဲ့အတူ 100 by 100 pixels, RGB mode ဆိုတဲ့စာသားလေးကို မြင်ရမှာပါ။ အဲဒါတွေကတော့ သင်Create လုပ်ထားတဲ့ အရွယ်အစားနဲ့ Color mode ကိုပြောပြတာပါ။ အဲဒီ Pattern ကို Click လုပ်ပါ၊ ပြီးရင် OK ကို Click လုပ်ပြီးတာနဲ့ Document တစ်ခုလုံးမှာ ကျားကွက် အလျားရောအနံပါ ၁၂ ကွက်စီရှိနေတာတွေ့ရမှာပါ။ (600 / 50 = 12)
အကယ်၍များ သင် New Document တစ်ခုကိ ၆ လက်မ ပတ်လည် Resolution ကိုတော့ ၂၀၀ ယူလိုက်တယ်ဆိုပါတော့။ အဲဒီ Document ထဲမှာ chess pattern လေးကိုပဲ Fill လုပ်ကြည့်ရင် ကျားကွက်လေးပေါင်း ၂၄ ကွက်ဖြစ်လာမှာပါ။ (1200 / 50 = 24)
အကယ်၍ Fill မည့် Document က ၆လက်မပတ်လည်ကိုပဲ ၅၀ Pixel Resolution နဲ့ဆိုရင် chess ကွက်တွေဟာ ၆ ကွက်ထဲပေါ်လာမှာပါ။
အခုနောက်ထပ် Pattern တစ်ခုကိုထပ်လုပ်ကြည့်ရအောင်။ New Document တစ်ခုကိုအရင်အတိုင်းပဲ ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ပဲယူပါ။ ပြီးရင်အရင်အတိုင်းပဲ Guide လိုင်းနှစ်ခုကို အလျားလိုက်ရော ထောင်လိုက်ပါပြုလုပ်ပါ။ ပုံပါအတိုင်းအောက်ဘက် နှစ်ကွက်ကို အနီရောင် Fill လိုက်ပါ။
အဲဒီနောက် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။ ပုံကိုအခုလိုမြင်ရပါပြီ။
ပြီးနောက် ဘယ်ဘက်အစွန်အပေါ်ကအကွက်ကိုအနီရောင် Fill လိုက်ပါမယ်။ ပြီးရင် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။
အဲဒီနောက်မှာတော့ Deselect လုပ်ပါမယ်။ Magic Wand ကိုရွေးပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အပေါ်ကလေးထောင့်ကွက်ကို Select လုပ်ပါ။ ပြီးရင် ထို Selection ကိုဘယ်ဘက်သို့ Left Arrow Key ကိုနှိပ်ခြင်းဖြင့်ရွေပါ။ ပြီးရင်အနီရောင်ပြန် Fill ပါမယ်။ ပုံကိုကြည့်ပါ။
ညာဘက်ကအကွက်ကိုလဲ ဒီအတိုင်းပဲပြုလုပ်လိုက်ရင် ဒီလိုပုံရလာမှာပါ။ Magic Wand နဲ့ Select လုပ်ပြီးရင်တော့ Selection ကိုရွေတဲ့အခါမှာ  ညာဘက်ကို ရွေရမှာနော်။
Select All (Ctrl + A) လုပ်ပါ၊ ပြီးရင်တော့ Edit>Define Pattern ကို နှိပ်ပြီး Pattern တစ်ခုလုပ်လိုက်ရုံပါပဲ။ Pattern Name ကိုတော့ brick လို့ပေးထားပါဦး။ ဒါဆိုရင် သင် Pattern နှစ်ခုပြီးလုပ်ပြီးပါပြီ၊ New Document တစ်ခုယူပြီး ဒီ Pattern ကို Fill လုပ်ကြည့်ရင် အုတ်ကွက်ပုံလေး တွေ တွေ့ရမှာပါ၊ စမ်းကြည့်ပါ။
နောက်တစ်ဆင့်က အဲဒီ Pattern နှစ်ခုကို File တစ်ခုအနေနဲ့ Save ထားဖို့ပါပဲ၊ အဲဒီအတွက်တော့ Edit>Preset Manager ကိုသွားပါ။
Preset type မှာ Patterns ကိုရွေးပါ၊ Pattern Picker ရဲ့နောက်ဆုံးမှာသင်ပြုလုပ်ခဲ့တဲ့ Pattern နှစ်ခုရှိနေပါတယ်။ chess ကို Click လုပ်ပါ၊ ပြီးရင်တော့ brick ကို Shift Key ပါတွဲနှိပ်ပြီး Click လုပ်ပါ ( Selection ထဲပေါင်းထည့် တဲ့သဘောပါ)။ Pattern နှစ်ခုစလုံး Select ဖြစ်နေ တော့မှ Save Set ဆိုတဲ့ Button ကို Click လုပ်ပါ။ File Save ဖို့နာမည် တောင်းတဲ့အခါ မိမိကြိုက်နှစ်သက်ရာပေးလိုက်ပါ၊ အခုတော့ mmphotoshop ဆိုတဲ့ နံမည်ကိုပေးလိုက်ပါတယ်။ ပြီးရင် Preset Manager ကိုပိတ်လိုက်ပါ။ သင့်ကိုယ်ပိုင် Pattern file တစ်ခုတည်ဆောက် ပြီးသွားပါပြီ။ သင်ပြုလုပ်ထားသော Pattern ကို Pattern Fly Out menu မှ Load Pattern menu ဖြစ်စေ Replace Pattern menu ဖြင့်ဖြစ်စေ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Pattern file List အဖြစ် Fly Out menu တွင် ပေါ်စေလိုပါက PhotoShop ကို Reset လုပ်ပေးလိုက်ရုံပါပဲ။
ဒီနည်းအတိုင်းပဲ သင်လိုချင်သော Pattern File များကိုတည်ဆောက်ထားနိုင်ပါတယ်။ တစ်ခုပြောစရာရှိသေးတာက Edit>Define Pattern menu ဟာ Selection လုံးဝမရှိလဲပေါ်ပါတယ်၊ အဲဒီအခါမှာ Pattern area ဟာ Document တစ်ခုလုံးလို့ဆိုလိုတာပါ။ နောက်အခြေအနေတစ်ခု က Selection ဟာ လုံးဝလေးတောင့်ဖြစ်နေရပါမယ်။ အောက်မှာပြထားတဲ့ Selection တွေဟာဆိုရင် Define Pattern menu ကိုပေါ်လာစေမှာ မဟုတ်ပါဘူး။ သေသေချာချာသတိထားရမှာပါ။
ref : mmphotoshop.net  

The art of Pattern (PART 1)

Photoshop ဟာ အလုပ်လုပ်ရာမှာပိုမို အဆင်ပြေစေဖို့ Preset တွေကိုဖန်တီးခွင့် ပေးထားတဲ့အပြင် Ready made preset တွေကို လည်းထည့်သွင်းပေးထားပါတယ်။ Preset တွေထဲမှာ Pattern တွေအပြင် Gradients, Styles, brushes စသောတခြားအုပ်စုတွေ လဲပါဝင်ပါ တယ်။ အခုPhotoshop ရဲ့ Pattern တွေအကြောင်းလေ့လာ ကြည့်ရအောင်ပါ။ Pattern တွေဟာ အရောင်တွေချယ်သလိုပဲ အမြဲလိုလိုအသုံးပြု နေရပါတယ်။ ပထမဆုံးအနေနဲ့ အသုံးပြုပုံကို အရင်ကြည့်ရအောင်။
New document တစ်ခုကိုယူပါ၊ Rectangular Marquee ဖြင့် Selection တစ်ခုပြုလုပ်ပါ။ ပြီးရင် Edit>Fill (Shift + F5) နှိပ်ပါ၊ Fill dialog box ပေါ်လာတဲ့အခါမှာ Contents: Use နေရာမှာ Pattern ကိုရွေးပေးလိုက်ပါ။ အဲဒီနောက် Custom Pattern မှာ Pattern picker box ကိုခေါ်ရမှာပါ၊ အဲဒီကမှ Wood pattern ကိုရွေးလိုက်ပါ။ Opacity ကိုတော့ 100 % ပဲထားပါဦး။
OK ကိုနှိပ်လိုက်ပါ၊ Rectangular marquee selection ထဲမှာ သစ်သား Pattern လေး Fill လုပ်ထားတာကိုတွေ့ရမှာပါ။
အကယ်၍ Fill dialog box မှာပုံပါအတိုင်းမတွေ့ရရင်တော့၊ Pattern ကို Default pattern တွေရဖို့ Reset လုပ်ဖို့လိုအပ် ပါလိမ့်မယ်၊ (Default pattern တွေဟာ စက်တိုင်းမှာရှိပါတယ်) Pattern ကို reset လုပ်ဖို့အတွက်တော့ Pattern fly out menu ကိုရွေးရပါမယ်၊ ပုံမှာပြထားတဲ့အတိုင်း အနီရောင်အ၀ိုင်းလေးထဲက တြိဂံလေးကိုနှိပ်ပါ။
ရှေ့မဆက်ခင် အပေါ်ကပုံမှာပြထားတဲ့ Menu အချို့အကြောင်းပြောချင်ပါတယ်၊ အခုအသုံးပြုမယ့် Wood pattern ဟာ Photoshop ရဲ့ Default pattern ထဲမှာပါဝင်ပါတယ်။ ဒါကြောင့် Reset Patterns menu ကိုနှိပ်ရတာပါ။ Pattern file တစ်ခုမှာ pattern များစွာပါဝင်နိုင်ပါတယ်။ အခု Default pattern မှာတင် pattern ၁၂ ခုပါဝင်နေတာ သတိပြုမိမှာပါ။ ပုံရဲ့အောက်ကအနီလေးထောင့်ထဲမှာတော့ သင့်ရဲ့စက်ထဲမှာရှိတဲ့ Pattern file တွေကိုပြသထားတာပါ။ အဲဒီ file တွေတစ်ခုချင်းစီမှာလဲ pattern များစွာပါဝင်နိုင်ပါသေးတယ်။
ကဲ Reset pattern ကိုဆက်ရအောင်၊ အဲဒီ Menu ကိုနှိပ်လိုက်ရင် Photoshop ကသင့်ရဲ့ current pattern တွေကို Default pattern တွေနဲ့အစားထိုးမှာလား၊ နောက်မှာဆက်ပေါင်းထည့်သွားမှာလား မေးပါလိမ့်မယ်။
Ok ကိုနှိပ်ရင် လက်ရှိ pattern အစား default pattern တွေကိုအစားထိုးမှာဖြစ်ပြီး၊ Append ကိုနှိပ်ရင်တော့ ယခုလက်ရှိအသုံးပြုနေတဲ့ pattern တွေကိုမပျောက်ကွယ်စေပဲ သူတို့ရဲ့နောက်မှာ default pattern တွေကိုထပ်ပေါင်းထည့်ပေးသွားပါတယ်။
အကယ်၍ တခြားသော pattern file များကိုအသုံးပြုချင်ရင်တော့ Pattern fly out men ရဲ့ အောက်ဆုံး group ထဲမှာရှိတဲ့ menu တွေကို click လုပ်ရုံပါပဲ (ဥပမာ Grayscale Paper)။ ထို menu တစ်ခုချင်းစီဟာ သင့်စက်ထဲမှာရှိနေတဲ့ pattern file တစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒီလို click လုပ်လိုက်ရင်တော့ Replace လား Append လားမေးဦးမှာပါ။
အခုတစ်ခါ Wood Pattern ကို Fill လုပ်ထားတဲ့ New Document ကို Basic Concept အပိုင်းမှ အလင်းအမှောင်ကိုသုံး၍ထုများဖန်တီးခြင်း သင်ခန်းစာမှာဖော်ပြထားတဲ့အတိုင်းပြုလုပ်ရင် အခုလို သစ်သားတုံးလေးတစ်ခုကိုရလာမှာပါ။
ဘယ် Pattern File တွေမှာ ဘယ်လို Pattern တွေပါဝင်တယ်ဆိုတာတော့ မိမိဘာသာ စမ်းကြည့်ပါဦး။ မိမိ ကိုယ်ပိုင် Pattern File ပြုလုပ်ပုံ ကိုလည်း PART 2 မှာဆက်လက်ရေးသား ပေးပါဦးမည်။ အသုံးပြုပုံတချို့ကိုတော့ Applied Section မှာဆက်လက်ဖော်ပြပေးပါ့မယ်။

ref : mmphotoshop.net

Fading the effect

Photoshop မှာ Fade menu ဟာလည်းအရေးပါတဲ့ menu တစ်ခုဖြစ်ပါတယ်။ Fade ဟာ သင်ပြုလုပ်ထားတဲ့ Effect (Filter) တစ်ခုခု ဒါမှမဟုတ် တခြားသော painting tool, erasing tool, or color adjustment တို့ကို Amount လျော့ကျအောင်ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ သင် selection တစ်ခုကို အနက်ရောင် Fill လုပ်ထားတယ်ဆိုပါတော့။
အဲဒီ Selection ကို Deselect မလုပ်ခင်မှာ Edit>Fade Fill.. ဆိုတဲ့ menu ကိုသွားလိုက်ပါ၊ ပြီးရင် Opacity ကို 50% လောက်ထားကြည့်ပါ၊ ပုံမှာပြထားပါတယ်။
သင်ဖြည့်ထားတဲ့ အနက်ရောင်ဟာ မီးခိုးရောင်လောက်ဖြစ်သွားပါတယ်။ ဒါကြောင့် Filter တွေသုံးခဲ့ရင် ထို Filter ရဲ့ effect ကိုပြန်လျှော့ချချင် တဲ့အခါမျိုးမှာ အလွန် အသုံးတည့်ပါတယ်။ တစ်ခုရှိတာက Fade ဟာ effect တစ်ခုခုကိုပြုလုပ်ပြီးပြီးချင်းပဲရပါတယ်တစ်ခြား Command တစ်ခုခု လုပ်ပြီးသွားရင်တော့ မရနိုင်တော့ပါဘူး။ အခု Filter တစ်ခုနဲ့စမ်းကြည့်ရအောင်၊ ပုံတစ်ခုကိုဖွင့်လိုက်ပါ။
အဲဒီပုံလေးကို Filter>Artistic>Watercolor ဆိုတဲ့ effect တစ်ခုထည့်လိုက်ပါတယ်။ setting တွေကိုတော့သင့်စိတ်ကြိုက်သာယူပါ၊ ရေဆေး ပန်းချီတစ်ခုလိုဖြစ်သွားပါပြီ။
နောက်တစ်ခါ အဲဒီ ပန်ချီဆန်တဲ့ effect ကိုနဲနဲလေးလျှော့ချလိုတဲ့အတွက်ကြောင့် Edit>Fade Watercolor ကိုရွေးလိုက်ပါတယ်။ Opacity ကိုတော့ 65% လောက်ထားလိုက်ရင် ပုံလေးဟာဒီလိုဖြစ်လာမှာပါ။ Fade ရဲ့ သဘောကတော့ Filter ပေးမည့် Layer ကို Duplicate အရင်လုပ်၊ ပြီးမှ Filter ပေးပြီး Opacity ပြန်လျှော့ချလိုက်တဲ့ သဘောမျိုးပါ။
ဒီအတိုင်းပဲ Fade ကို painting tool, erasing tool, color adjustment တို့ဖြင့်လည့် တွဲပြီးသုံးနိုင်ပါတယ်။ Fade ကို တခြားသော Filter များဖြင့်လည်း  မိမိကိုယ်တိုင်သာ ဆက်လက်လေ့လာကြည့်ပါဦး

ref :mmphotoshop.net

Layers in CS2

PhotoShop CS2 ရဲ့ Layer များအကြောင်းကို အရင် Version အဟောင်းများနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ Layers တွေကိုကျွမ်းကျင်စွာ ကိုင်တွယ်တတ်မှသာ PhotoShop နဲ့အလုပ်လုပ်ရာမှာအဆင်ပြေမှာပါ။ CS2 မှာအရင် Version အဟောင်းများနဲ့မတူတဲ့ Feature တချို့ရှိပါတယ် အဲဒါတွေကို အဓိကထားပြောချင် ပါတယ်။
Selecting (Activating) layers
Layer တွေကို Activate (select) လုပ်တဲ့အခါမှာ အခု Active ဖြစ်နေတဲ့ Layer ရဲ့ အပေါ်ကို Layer ကို Select လုပ်ချင်ရင် Alt + ] key ကိုနှိပ်ပြီးသွားရပါတယ်။ Current Layer ရဲ့အောက်က Layer ကိုဆိုရင်တော့ Alt + [ ကိုနှိပ်ရပါတယ်။ ဒါတွေကတော့ အရင် version တွေမှာထဲ ကပါပါတယ်။ အပေါ်ဆုံး Layer ကို Active ဖြစ်ချင်ရင်တော့ Alt + . (period key) နဲ့ အောက်ဆုံးက Layer ဆိုရင်တော့ Alt + , (comma key)ကိုနှိပ်ရမှာပါ။

Layer တွေအားလုံးကို Select လုပ်ချင်ရင်တော့ Select> All Layers ကိုသုံးရမှာပါ။ အကယ်၍ ဆင်တူတဲ့ Layer တွေကိုပဲ Select လုပ်ချင် တယ် (ဥပမာ Shape Layer တွေအားလုံး၊ Adjustment Layer တွေအားလုံး) ဆိုရင်တော့ Layer Palette မှာ မိမိ Select လုပ်ချင်တဲ့ Layer တစ်ခုကို Right click နှိပ်ပြီး ပေါ်လာတဲ့ Menu ကနေ Select Similar Layers ကိုရွေးပေးရုံပါပဲ။

Making Marquee Selection of Layer
အရင် version တွေတုန်းက Layer တစ်ခုလုံးကို Marquee Selection လိုချင်ရင် Layer palette မှာလိုချင်တဲ့ Layer ကို Ctrl + Click လုပ်လိုက်ရုံနဲ့ရပါတယ်။ CS2 မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး Layer ရဲ့ thumbnail view ပေါ်တဲ့နေရာကို Ctrl + Click နှိပ်မှရပါတယ်။ အခုအောက်မှာပြထားတဲ့ပုံနဲ့ကြည့်ရင် Layer palette မှာ blue ဆိုတဲ့စာသားနေရာနားမှာ သွားပြီး Ctrl + Click လုပ်လို့မရတော့ပါဘူး၊ အပြာရောင် thumbnail လေးပေါ်တဲ့နေရာ (အနီရောင်စက်ဝိုင်းအတွင်း) ကိုနှိပ်ရမှာပါ။


Selecting Multiple Layers and Grouping
Layer တွေကိုအုပ်စုဖွဲ့ထားချင်ရင်တော့ အရင် Version တွေမှာ Layer Set ဆိုတာကိုသုံးပါတယ်။ CS2 မှာတော့ Layer Group ဆိုပြီးသုံးထား ပါတယ် Layer Palette ရဲ့အောက်ခြေက ပဉ္စမမြောက်ခလုပ်လေးပါ။ သူတို့တွေရဲ့အသုံးဝင်ပုံ တွေကတော့ Layer တွေအများကြီးဖြစ်နေတဲ့အခါ သက်ဆိုင်ရာ Layer တွေကို တစ်စုထဲဖြစ်အောင်လုပ်ပေးကြတာပါ။ Layer Group ကိုအသုံးပြုချင်ရင်တော့ အဲဒီ Group ထဲမှာပါမယ့် Layer တွေကိုအရင် Select လုပ်ပေးရပါမယ်။ အခုမြင်နေရတဲ့ blue, red, yellow ဆိုတဲ့ Layer သုံးခုစလုံးကို Select လုပ်မယ်ဆိုပါတော့ အရင်ဆုံး blue ကို Click လုပ်ပါမယ်၊ ပြီးရင် yellow layer ကို Shift key တွဲပြီးနှိပ်လိုက်ရုံပါပဲ၊ အပေါ်ဆုံး blue Layer ကနေ yellow layer အထိလို့ ဆိုလိုက်တာပါ။

တကယ်လို့ Layer တွေကို အစဉ်လိုက်မဟုတ်ပဲ မိမိစိတ်ကြိုက်အတိုင်း Select or Deselect လုပ်ချင်ရင်တော့ Ctrl နဲ့တွဲနှိပ်ရုံပါပဲ (Windows Explorer / My computer မှာ File တွေကို Select လုပ်ပုံနဲ့ဆင်တူပါတယ်)။ ပြီးရင်တော့ Select ဖြစ်နေတဲ့ Layer ၃ခုစလုံးကို Layer Palette အောက်ခြေ ပဉ္စမမြောက်က Create a new group ဆိုတဲ့ နေရာလေးဆီကို Drag လုပ်သွားရုံပါပဲ။ ဒါဆိုရင် Layer ၃ခုအစား Group1 ဆိုပြီး တွေ့ရမှာပါ။ အဲဒီ Group1 ဆိုတဲ့ Folder icon ဘယ်ဘက်က Triangle လေးကိုနှိပ်ခြင်းဖြင့် Layer တွေကိုပြန်တွေရမှာပါ၊ အဲဒီ Triangle ကိုပဲနောက်တစ်ချက် Click ရင်တော့ ပြန်ချုံ့သွားမှာပါ။ Layer တွေကို Layer Group ထဲထည့်တာ Group ထဲကနေပြန်ထုတ်တာကတော့ အရင် version ပုံစံအတိုင်းပါပဲ။


Locking / Unlocking layers
Layers တွေကို Lock လုပ်ချင်ရင်တော့ မိမိ Lock လုပ်လိုတဲ့ Layer များကိုရွေးပါ၊ ပြီးရင် Layer> Lock Layers ကိုရွေးလိုက်ရင် Dialog တစ်ခု ကိုတွေ့ရမှာပါ။ အဲဒီမှာ Lock ချချင်တဲ့ Option တွေကိုရွေးပြီး Ok ပေးလိုက်ရုံပါပဲ။


Unlock လုပ်ချင်ရင်လဲ ဒီလိုပါပဲ Layer> Lock Layers ကိုသွားပြီး Check box တွေကို uncheck လုပ်ပြီး Ok နှိပ်ပေးလိုက်ပါ။ Layer တစ်ခုထဲ ကို Lock ချတာကတော့ အရင် Version များနဲ့အတူတူပါပဲ အထူးပြောနေစရာမလိုပါဘူး၊ Layer Palette ရဲ့ အပေါ်နားလေးမှာ Lock button လေးတွေရှိပါတယ်။
Linking / Unlinking Layers
CS2 ရဲ့ Layer palette မှာ Link column လေးပါမလာတော့တာကိုသတိထားမိမှာပါ၊ ဒါကြောင့် Layer တွေ Link ချိတ်ချင်တဲ့အခါ Link ချိတ်လို တဲ့ Layers တွေကိုအရင် Select လုပ်ပါမယ် ပြီးရင် Layer palette ရဲ့အောက်ခြေက ပထမဆုံး Link icon လေးကို နှိပ်ပေးပါ။ ဒါဆိုရင် Select လုပ်ထားတဲ့ Layer တွေဟာ Link ဖြစ်သွားပါပြီ။ Unlink ပြန်လုပ်ချင်ရင်တော့ အဲဒီ Link icon ကိုပဲထပ်နှိပ်ရုံပါပဲ Link ပြုတ်သွားပါလိမ့်မယ်။
Link ချိတ်ထားတဲ့ Layer တွေကို Merge လုပ်ချင်ရင်တော့ အရင် Layer> Merge Linked menu အစား Layer> Merge Layers ကိုအသုံးပြု ထားပါတယ်။ ဒီ Merge Layers menu ဟာ Layer တွေ Link ချိတ်ထားဖို့ မလိုပါဘူး Select ဖြစ်နေရုံနဲ့တင်အလုပ်လုပ်ပါတယ်။

ref : mmphotoshop.net